Wednesday, April 29, 2009

ပညာသည်သာ ဘဝ၏အဖော်မွန်


When work is a pleasure, life is a joy!

When work is a duty, life is a slavery!
By Maxim Gorky

ဒီစာလေးကို ဖတ်ရတော့ သူပြောတာ မှန်ပါလားဆိုတာကို တွေးမိပါတယ်။

လူရယ်လို့ဖြစ်လာရရင် ကိုယ့်ဝမ်းတစ်ထွာအတွက်၊ ဒါမှမဟုတ် မိသားစုအတွက် အသက်မွေးဝမ်းကျောင်း တစ်ခုခုပြုလုပ်ရပါတယ်။ အသက်ကြီးလာရင် ကိုယ်ဘာနဲ့ အသက်မွေးဝမ်းကျောင်းပြုပြီး အသက်ရှင်သွားရမလဲဆိုတာ ဘယ်သူမှ သေချာမသိနိုင်ပါဘူး။ သက်တောင့်သက်သာစွာနဲ့ အသက်မွေးဝမ်းကျောင်းပြုနိုင်ရန်အတွက် မိဘများက သားသမီးများကို ငယ်ရွယ်စဉ် ပညာရှာချိန်တွင် စာကြိုးစားရန် အမြဲတိုက်တွန်းလေ့ရှိပါတယ်။ မိဘတွေက သားသမီးများကို ပညာတတ်ကြီးဖြစ်စေချင်ကြပါတယ်။ အသက်ကြီးလာရင် ကိုယ့်ရဲ့ အကောင်းဆုံးအဖော်ဟာ ပညာပဲဖြစ်ပါတယ်။ ဒီသဘောတရားကို ငယ်ရွယ်စဉ်အခါမှာတော့ နားလည်ဖို့ အတော်ခက်ပါတယ်။ ဒါပေမယ့် အသက်ကြီးလာလို့ အရွယ်ရောက်လာတဲ့အခါမှာတော့ ဒီစကားက တော်တော်မှန်ပါလားဆိုတာကို သိလာပါလိမ့်မယ်။ လုပ်ငန်းခွင်ဝင်တဲ့အခါကြရင် သိလာလိမ့်မယ်ဆိုရင် ပိုပြီးမှန်ပါလိမ့်မယ်။

ဥပမာဆိုကြပါစို့... ငယ်ရွယ်စဉ်အချိန်ထဲက အသက်ကြီးလာရင် ကိုယ်ဘာနဲ့ အသက်မွေးဝမ်းကျောင်းပြုမယ်ဆိုပြီး ရည်ရွယ်ချက်ရှိသူများက ငယ်စဉ်အရွယ်တည်းက ပညာကိုကြိုးစားရှာပြီး ကိုယ်ဝါသနာပါတဲ့ အသက်မွေးဝမ်းကျောင်း တစ်ခုခုနဲ့ ဘဝကိုရပ်တည်သွာပါတယ်။ ကိုယ်ဝါသနာပါတဲ့အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုရတဲ့အတွက် အလုပ်မှာ အာရုံစူးစိုက်မှုပိုများပြီး ဘဝမှာ ပျော်ရွှင်မှုများနှင့် ပြည့်စုံနေပါလိမ့်မယ်။ ကိုယ်ဝါသနာပါတဲ့အလုပ်ကိုလုပ်ရတဲ့အတွက် တာဝန်အရ အလုပ်လုပ်ရတယ်ဆိုတဲ့ ရာခိုင်နှန်းဟာ ပမာနအနည်းငယ်မျှသာဖြစ်ပါလိမ့်မယ်။ ကိုယ်ကိုတိုင်က စိတ်ဝင်စားလို့ အလုပ်ကို ကြိုးကြိုးစားစားနှင့် လုပ်သည့်ပမာနဟာ များသွားပါလိမ့်မယ်။ ဒါဟာ နှစ်ဦးနှစ်ဘက်ဖြစ်တဲ့ အလုပ်ရှင်အတွက်ရော၊ ဝန်ထမ်းအတွက်ပါ အကျိုးများစွာ ဖြစ်ထွန်းပါတယ်။ ထို့အပြင် စိတ်ထဲတွင်လည်း အလုပ်လုပ်ရတာကို ကျေနပ်နေပါလိမ့်မယ်။ ကိုယ်တွေ့ကြုံခဲ့တဲ့ အလုပ်တွေ့အကြုံတွေကို အနာဂတ်လူငယ်များကို ပြောပြဖို့အတွက် အမြဲအဆင်သင့် ဖြစ်နေပါလိမ့်မယ်။ ကိုယ့်လိုပဲ ဝါသနာတူ၊ ပညာတူများနဲ့တွေ့ဆို့သည့်အခါတွင်တော့ စကားဆိုတာ ဖောင်ဖွဲ့လို့ မပြီးဆုံးနိုင်တော့ပါဘူး။ လူ့သဘာဝအရ လောကဓံဆိုတာကိုတော့ ကြုံကြ၊ဆုံကြရမှာပါပဲ။ လူမှုရေး၊ စီးပွားရေး၊ မိသားစုရေး အစရှိသဖြင့် ပြဿနာများနှင့် ဆုံရမှာဖြစ်ပါတယ်။ ဒီပြဿနာများကို လုပ်ငန်ခွင်အထိ ယူမသွားဖို့ အရေးကြီးပါတယ်။ ကိုယ်လုပ်နေသည့်အလုပ်မှာ စိတ်ဝင်စားမှုရှိနေပြီဆိုရင်တော့ အပြင်ပြဿနားများကို အပြင်မှာထားခဲ့နိုင်ပြီး အလုပ်ခွင်ရောက်သည့်အခါ အလုပ်ထဲမှာပဲ အာရုံရောက်နေမှာဖြစ်ပါတယ်။

အကယ်၍ ငယ်ရွယ်စဉ်အချိန်မှာ ပညာကို ကောင်းစွာမသင်ယူခဲ့ဘူးဆိုရင်တော့ ဘဝလုပ်ငန်းခွင်ဝင်သည့်အခါမှာတော့ ကိုယ်လုပ်ရသည့်အလုပ်ဟာ ကိုယ်နှစ်သက်သည့်အလုပ် ဖြစ်နိုင်ပါ့မလား? အဓိကဆိုလိုချင်တာကတော့ ကိုယ်ကာယကိုအားကိုးပြီး လုပ်ရသူများနှင့် လူအများမလုပ်ချင်သော အလုပ်များကို လုပ်နေရသော လူများကို ဆိုလိုချင်တာပါ။ ထိုအလုပ်များကိုလုပ်နေရသူများသည် လုပ်ငန်းခွင်တွင် ပျော်ရွှင်မှုရှိနိုင်ပါ့မလား? တကယ်တမ်းပြောရရင် ဒီလိုအလုပ်များကို တာဝန်အရလုပ်ခြင်းဆိုတာ ရာခိုင်နှန်းပိုများပါလိမ့်မယ်။ တာဝန်အရဆိုထဲက အလုပ်မှာ အာရုံစူးစိုက်မှုဆိုတာ သိပ်မရှိတော့ပါဘူး။ ဝတ်ကျေတန်းကျေလုပ်တယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။ အခုအချိန်မှာ စားဝတ်နေရေးဟာ သူ့အတွက် အဓိကဖြစ်နေပါလိမ့်မယ်။ တာဝန်အရလုပ်ရသည့်အတွက် သူ့အတွက် ဘဝမှာ အလုပ်ဆိုတာ ဘာအဓိပ္ပါယ်ပါလဲ???

3 comments:

libratun said...

အတိုင်းအတာတစ်ခုအထိ တော့မှန်ကန်ပါတယ်။ တစ်ခုက မြေအောက်မှာ ကြွက်တွေ ဘာတွေ သန့်ရှင်းရေးလုပ်နေတဲ့ လူတစ်ယောက်ကတော့ ဒီလောက်ညစ်ပတ်ပြီး ကျန်းမာရေးနဲ့မညီတဲ့အလုပ်ကို အနှစ် ၃၀ ကျော်ပေမယ့် လုပ်ရတာပျော်နေပါတယ်တဲ့။ ဘာလို့ဆို တစ်ခြားလူတွေအတွက် လည်းသန့်ရှင်းအောင် ဒါတွေကို သန့်ရှင်းပေးနေရလို့ပါတဲ့။

အိမ်မက် said...

အတိုင်းအတာ တစ်ခုထိပဲ မှန်တယ်ဆိုတာကတော့ လက်ခံပါတယ်... ဒီလိုဆိုရင် သူငယ်ရွယ်စဉ် အချိန်မှာ သူ့ရဲ့ ဘဝရည်မှန်းချက်က မြေအောက်မှာ ကြွက်တွေကို သန့်ရှင်းရေးလုပ်ပြီး တခြားလူတွေအတွက်လည်း သန့်ရှင်းအောင်လုပ်ပေးမယ်ဆိုတဲ့ ရွည်ရွယ်ချက်တော့ မဟုတ်တန်ကောင်းပါရဲ့။ အကြောင်းကြောင်းကြောင့် ဒီအလုပ်ကို လုပ်လိုက်ရပြီး (ဥပမာ... ဝမ်းရေးအတွက်) အဲဒီအလုပ်အပေါ်မှာ စေတနာထားလိုက်တာပါ...

libratun said...

That's the point. အဲဒါ လူတော်တော်များများ မလုပ်နိုင် တဲ့ကိစ္စပဲ။ အဲလိုလုပ်နိုင်ဖို့ အဓိကမဟုတ်လား။ ငယ်ငယ်က (အကြောင်းအမျိုးမျိုးကြောင့်) ပညာမယူနိုင်ခဲ့တာ / လုပ်ခဲ့တဲ့အမှား တစ်ခုခုကြောင့် လက်ရှိမှာမပျော်ရွှင်နိုင် / စိတ်မ၀င်စားနိုင်ဘူးဆိုတာ ပိုပြီးအန္တရာယ်များလိမ့်မယ်။