Sunday, April 19, 2009

S'pore မြန်မာနှစ်ဆန်းတစ်ရက်နေ့ ၂၀၀၉

April 17, 2009 (Friday)


မြန်မာနှစ်ဆန်းတစ်ရက်မှာ အဝတ်အစား သစ်သစ်လွင်လွင်ဝတ်ပြီး စိတ်ကြည်နူးစွာဖြင့် အလှူဒါနပြုချင်ပါတယ်။ ဒါမှ တစ်နှစ်ပတ်လုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာရှိမယ်လို့ ကျွန်မက ယူဆထားပါတယ်။ ဒါကြောင့် အလုပ်မှာ ခွင့်ယူလိုက်ပြီး Toa Payoh ရှိ ဘုန်းကြီးကျောင်းကို မနက်ပိုင်းတွင် သွားဖြစ်ပါတယ်။ ဒီတစ်ခါလည်း မြတ်စွာဘုရားကို သစ်သီးကိုးမျိုး၊ ရေချမ်း နှင့် ဆီမီး ကပ်လှူပါတယ်။ ကျွန်မတို့လိုပဲ ဘုန်းကြီးကျောင်းလာပြီး မြတ်စွာဘုရားအမှူးပြုသော သံဃာတော်များကို ဆွမ်း၊ ရေချမ်း၊ ဆီမီးကပ်လှူသူတွေလည်း အများကြီးပါပဲ။ ကိုယ်တတ်နိုင်ရာ တတ်နိုင်သလောက်ပေါ့။ ထို့နောက် မြတ်စွာဘုရားရှင်အား မဟာပဠာန်း အကျယ်ဖြင့် ပူဇော်ပါသည်။ ကျွန်မလိုပဲ မြတ်စွာဘုရားရှင်အား ယုံကြည်စွာဖြင့် ပူဇော်သူများ အများအပြားပါ။

ကျွန်မတို့ ကပ်လှူသော သစ်သီးကိုးမျိုး



မြတ်စွာဘုရားရှင်အား ယုံကြည်စွာဖြင့် ပူဇော်နေသူများ


ထို့နောက် ဘုန်းကြီးကျောင်းဝင်းအတွင်း နေ့လည်စာဖြင့် ဘုရားဖူးလာသူများအား တည့်ခင်းဧည့်ခံသည့် တစ်ဦးတည်းသော အလှူရှင်လည်း ရှိပါသည်။ ထမင်း၊ ငါးကလေးခြောက်ကြော်၊ သရက်ချင်သုပ်၊ သီးစုံပဲဟင်းချို၊ ငပိရည်နှင့် တို့စရာ စသဖြင့် တည်ခင်းဧည့်ခံပါသည်။






နှစ်ဆန်းတစ်ရက်နေ့မှ အစပြု၍ လူတိုင်းလူတိုင်း စိတ်၏ကျန်းမာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ။




3 comments:

libratun said...

thar du thar du thar du. it seems this time would be better than previous years and happier with more discipline.

အိမ်မက် said...

Tnx for comment...and...
ငါလည်း နင့်အတွက် သာဓုခေါ်ပါတယ်...

witch83 said...

I m really glad that there's traditional burmese new year celebration @ SG :)