Wednesday, April 8, 2009

Be The Last Love!

Bill Gates က "If you born poor, itz not your mistake! But if you die poor, itz your mistake!" လို့ ပြောထားပါတယ်...

ဒီစာသားလေးကို ဖတ်လိုက်မိတော့ တစ်စုံတစ်ခုကို တွေးမိပြီး ဒီ Post ကိုရေးဖြစ်တာပါ။ တွေးမိတဲ့ စာသားလေးကတော့...

"If you are not the first love or first girlfriend for him, itz not your mistake! But if you are not the last love or last girlfriend for him, itz your mistake! "

ဒီအချိန်၊ ဒီအရွယ်မှာ များသောအားဖြင့် လူတိုင်းလူတိုင်းမှာ ချစ်သူ၊ ရည်းစားတော့ ရှိကြမှာပါ။ ကိုယ်ဟာ သူ့ရဲ့ First Love & First GF ဖြစ်ဖို့ကတော့ ခဲရင်းပါတယ်။ ဒါကိုလက်ခံနိုင်ဖို့ဆိုတာ အရမ်းသဝန်တိုတတ်ပြီး ကိုယ် ဟာသူ့ရဲ့ ပထမဆုံးနဲ့ နောက်ဆုံးဖြစ်ရမယ်လို့ အစွဲအလမ်းကြီးတဲ့ မိန်းကလေးအတွက် မလွယ်ကူပါဘူး။ သူကိုချစ်လို့သာ လက်ခံလိုက်ရတယ်။ ဒါပေမယ့် ကိုယ်ဟာ သူရဲ့ ပထမဆုံးမဖြစ်တဲ့အတွက် သိပ်တော့ သူကို မကျေနပ်ချင်ပါဘူး။ ဒါကြောင့် မကြာမကြာဆိုသလို သူ့ကို ဒီအကြောင်းနဲ့ပတ်သက်ပြီး ရန်လုပ်လေ့ရှိပါတယ်။ တခါတလေ အခန့်မသင့်လို့ စကားများရင်လည်း ဒီအကြောင်းနဲ့ပဲ အနိုင်ယူတတ်ကြတယ်။ အချိန်ကြာလာရင်တော့ ဒါဟာ နှစ်ဦးနှစ်ဖက်အတွက် မကောင်းပါဘူး။

ဒါကြောင့် ကိုယ်ဟာ ဘာကိုလက်ခံထားသင့်သလဲဆိုတော့ ကိုယ့်နဲ့မတွေ့ခင်မှာ သူ့မှာ ချစ်သူ၊ရည်းစားရှိခဲ့တာဟာ ကိုယ့်ရဲ့အပြစ်မဟုတ်သလို သူ့ရဲ့အပြစ်လည်းမဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ်ဟာသူ့အတွက် နောက်ဆုံးချစ်သူ၊ ရည်းစားမဖြစ်ခဲ့ရင်တော့ ကိုယ့်ရဲ့အပြစ်ပဲ ဖြစ်ပါလိမ့်မယ်။ ကိုယ်ဟာသူရဲ့ ပထမဆုံးမဖြစ်တာကို အပြစ်မယူပဲ ကိုယ်ဟာသူ့ရဲ့ နောက်ဆုံးအချစ်ဖြစ်ဖို့ကိုသာ အလေးထားကြဖို့ပါ... If you really love him ပေါ့.......

0 comments: