Wednesday, July 8, 2009

အချစ်ဟာ ကျွန်မအတွက် ဘဝတစ်ခုလား? ဒါမှမဟုတ် ဘဝရဲ့ အစိတ်အပိုင်းတစ်ခုလား?

ဒီမေးခွန်းကို ဖြေရမယ်ဆိုရင်ဖြင့် အချစ်ဟာ ကျွန်မအတွက် ဘဝတစ်ခုလို့ဆိုရင်လည်း မမှားပါဘူး။ ကျွန်မဘဝရဲ့ အစိတ်အပိုင်းတစ်ခုလို့ဆိုပြန်ရင်လည်း မမှားပါဘူး။

အချစ်ဟာ ကျွန်မအတွက် ဘဝတစ်ခုပါ...
ကျွန်မတို့ မိန်းမသားဘဝဟာ စက္ကူဖြူ စာရွက်တစ်ရွက်လိုပဲ အရမ်းကို ဖြူစင်ရပါမယ်။ အမည်းစက် လုံးဝ စွန်းထင်းခံလို့ မရပါဘူး။ အလွန်သေးငယ်တဲ့ အမည်းစက်ပင်ဖြစ်ပါစေ အမည်းစက်ဟာ အမည်းစက်ပဲဖြစ်ပါတယ်။ ဘဝမှာ ပထမဆုံးချစ်သူနဲ့သာ လက်တွဲသွားလိုစိတ်ဟာ ကျွန်မတို့ မိန်းကလေးတွေရဲ့ ဆဒ္ဒတစ်ခုပါ။ ရည်းစားတစ်ထောင် လင်ကောင်တစ်ယောက်လို့ဆိုထားပေမယ့် ကျွန်မအတွက်တော့ လက်ခံဖို့ ခဲရင်းပါတယ်။ ရည်းစားအများကြီးထားပြီးမှ ဘဝကြင်ဖော်ရွေးမယ်ဆိုရင်ဖြင့် တကယ့်ကို ရင်လေးစရာပါ။ ရည်းစားအများကြီးထားခဲ့ဘူးတဲ့မိန်းကလေးတစ်ယောက်ကို သူ့ရဲ့ဘဝကြင်ဖော်က တကယ်ပဲ လေးစားချစ်မြတ်နိုးနိုင်ပါ့မလား? ဒါက ကျွန်မရဲ့ အယူအဆကို ပြောတာပါ။ လူတစ်ယောက်နဲ့တစ်ယောက် အမြင်ချင်း၊ ခံယူချက်ခြင်းတော့ ဘယ်တူနိုင်ပါ့မလဲနော်။ ဒါပေမယ့် မိန်းကလေးဖြစ်တဲ့ ကျွန်မတို့ အထူးသတိထားရမှာက "ဆူးပေါ်ဖက်ကျလည်း ဖက်ပေါက်တာပါပဲ... ဖက်ပေါ်ဆူးကျလည်း ဖက်ပေါက်တာပါပဲ..." ဒီတစ်ယောက်ကိုပဲ ချစ်သူ၊ရည်းစားအဖြစ်ရွေးချယ်ပြီး သူကောင်းကောင်း၊ မကောင်းကောင်း သူနဲ့ပဲ လက်တွဲရမယ်လို့ မဆိုလိုပါဘူး။ ကိုယ်ရွေးချယ်လိုက်တဲ့ လက်တွဲဖော်ဟာ ယောက်ျားကောင်းတစ်ယောက်ဖြစ်နေဖို့လိုပါတယ်။ ယောက်ျားကောင်း၊ ယောက်ျားမြတ်ဆိုတာ အခုခတ်ကြီးမှာ အလွန်ကို ရှားသွားပါပြီ။ တစ်ဆယ်မှာ တစ်ယောက်ပဲရှိမယ်လို့ ထင်ပါတယ်။ ကိုယ်ရွေးချယ်ခဲ့တဲ့သူဟာ ကိုယ့်အပေါ်မှာ မေတ္တာ၊ သစ္စာမရှိမှတော့ ကိုယ်က ဘာဖြစ်လို့ သူ့ကို ဘဝတစ်သက်တာအဖြစ် ရွေးချယ်ရမှာလဲ သူမချစ်လို့၊ သူမကောင်းလို့ လက်တွဲဖြုတ်ခဲ့ပြီးပြီပဲ ဒီအတွက် ဘာမှ ပူဆွေးသောကရောက်နေစရာမလိုပါဘူး။ ဘဝမှာ လျှောက်ရမယ့်လမ်းက အရှည်ကြီးရှိပါသေးတယ်။ မိဘကို လုပ်ကျွေးရမယ့် တာဝန်ကလည်းရှိသေးတယ်။ ကိုယ်လိုချင်တဲ့ အနာဂတ်ပုံစံကိုဖော်ဖို့ အချိန်အများကြီး ပိုရတာပေါ့။ ဒီလိုသာတွေးလိုက်မယ်ဆိုရင်ဖြင့် ပူဆွေးဝမ်းနည်းပြီး ကြေကွဲနေတဲ့အချိန်က ရော့သွားပါလိမ့်မယ်။ ဒါကြောင့် အချစ်ဟာ ကျွန်မအတွက် ဘဝအစိတ်အပိုင်းတစ်ခုလို့ ဆိုရပါလိမ့်မယ်...

2 comments:

libratun said...

Mind is one of the most dominated things in the world, we must know how to use it. that's for sure. we must put all parts together to form a great thing; should not be with only one thing. 1 out of 10, huh? :) Glad to know that you are balanced. :)
Wish you get paid off for your effort you made,

အိမ်မက် said...

Tnx! :)