Friday, April 3, 2009

Should Believe Everybody or Not???




ဒီနေ့လည်း အဖြေရှာမရတဲ့ မေးခွန်းများစွာရှိနေတာမို့ ......

"Should be Serious or Not???" ရဲ့ အဆက်လို့လည်း ပြောလို့ရပါတယ်...

ကောင်လေးက လာမည့် Aug ဆိုရင် သူ့တိုင်းပြည်ကို ပြန်ရပါတော့မယ်။ ဒါပေမယ့် သူက မပြန်ခင်မှာ ဒီကကောင်မလေးနဲ့ ဇာတ်လမ်းရှိခဲ့တယ်လေ။ အပျော်လို့ထင်ထားပေမယ့် သူက အပျော်မဟုတ်ဘူးတဲ့။ ဒီကကောင်မလေးကိုပဲ တကယ်ချစ်တာပါတဲ့။ (ယုံချင်စရာပဲနော်...) ကောင်မလေးကသာ လက်ခံမယ်ဆိုရင် သူ့တိုင်းပြည်က မိန်းမကိုကွာပြီ ကောင်မလေးကိုပဲ ယူမှာပါတဲ့... အစချီတဲ့ စကားလုံးမြောက်များစွာကို Message ရိုက်ပြီး ပို့လာပါတယ်... သူ ဒီကကောင်မလေးကို အရမ်းကို ကြွေနေပြီပေါ့လေ...

  • ဒါဟာတကယ်လား???
  • သူကဘာလို့ အဲဒီလိုလုပ်ရတာလဲ???
  • သူ့မိန်းမကို တကယ်ပဲ မချစ်ခဲ့လို့လား???
  • ဒါဆို ဘာလို့ Married လုပ်ခဲ့တာလဲ???
  • ဒါမှမဟုတ် အနေဝေးသွားလို့လား???
  • ဒီလိုပဲ စိတ်ထဲရှိတာ လျှောက်ပြောတာပဲလား??? (မိန်းမသိမှာ မဟုတ်ပါဘူးဆိုပြီးတော့...)
  • လူ့စည်းမျည်းစည်းကမ်းဆိုတာရော ရှိသေးရဲ့လား???
  • သူ့မိန်းမဆီပြန်ရောက်သွားရင်ရော ဒီကကောင်မလေးအကြောင်းတွေးပြီး လွမ်းနေမှာလား??? (ထင်တော့မထင်ပါဘူး....)
  • ဒီမှာ ပျော်ချင်သလောက်ပျော်ခဲ့ပြီး မိန်းမဆီ မျက်နှာပြောင်တိုက်ပြီး ပြန်သွားရဲသလား???
  • သူ့မိန်းမကိုရော သူက ဘယ်လိုစကားလုံးတွေနဲ့ အချိုသတ်ထားမှာလဲ???
  • ဒါမှမဟုတ် ဒါဟာ လောကမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောသဘာဝပဲလား???
  • ယုံချင်စရာ ဘာဆိုဘာမှ မရှိတော့ဘူးလား ???
  • ပြောတိုင်းကို ချင့်ချိန်ပြီးမှယုံဆိုတော့လည်း လူတိုင်းကို သံသရမျက်လုံးနဲ့အမြဲကြည့်နေရတော့မှာလား???
  • ဒါဆိုရင် လောကရဲ့ အနှစ်သာရဆိုတာ ဘယ်မှာလဲ???

2 comments:

libratun said...

ဒီပိုစ့်ကို အခုမှဖတ်ဖြစ်တယ်။ မြွေမြွေချင်းအပြင်ကို ဘေးက နေတဲ့မြွေဆိုတော့........
မိန်းကလေးတွေ အတွက် အသုံးဝင်နိုင်ပါလိမ့်မယ်။

၁) အဲဒါဟာ တကယ်ဖြစ်လာနိုင်ပါတယ်။ (ဒီက ကောင်မလေးကသာ တကယ်ခေါင်းငြိမ့်မယ်ဆိုရင်)
၂) သူဟာလူလတ်ပိုင်းဖြစ်ပါလိမ့်မယ် (စိတ်ကို မထိန်းနိုင်သေးဘူးပေါ့)။
၃၊ ၄) သူ့မိန်းမကို သူတကယ်ချစ်ခဲ့ပါတယ်။
၅) အဓိက ကတော့ အနေဝေးသွားလို့ပဲပေါ့။
၇) စည်းမျဉ်းစည်းကမ်းကိုတော့ လုံးဝ နားမလည် လောက်ပါဘူး။
၈) အစပိုင်းတော့ နည်းနည်း စဉ်းစားမိနေပါလိမ့်မယ်
(နံပါတ် ၄ အဖြေ အရပါပဲ)
၁၁) ဖြစ်လေ့ဖြစ်ထတော့ မဟုတ်လောက်သေးဘူး ဒါပေမယ့် နောက်ဆိုရင်တော့ ဟုတ်လာ လောက်တယ်
၁၂) လုံးဝမသေချာသေးချိန်အထိတော့ မယုံပါနဲ့ (ဘယ်သံယောဇဉ် အတွက်မဆို မှန်လိမ့်မယ်လို့ ထင်ပါတယ်)
၁၃) အဲဒီလိုကြီးတော့ မကြည့်ပါနဲ့.. သူတို့ပြောရင် ယုံပေးလိုက်ပေါ့။ ပြီးသွားလို့ ဆုံးဖြတ်ချက်ချမယ်ဆိုရင်တော့ ကိုယ့်အပိုင်းပေါ့။
၁၄) မေတ္တာတန်းတူထားလိုက်ပါ။ တစ်ခုတည်းကို မကြည့်ဘဲ အားလုံးကို ကြည့်နိုင်အောင် လုပ်ကြည့်လိုက်ပါ။ (အရာဝတ္တု၊ သံယောဇဉ်၊.....)အစွဲအလန်း မထားပါနဲ့။ အရာအားလုံးဟာ ဘာမှမဟုတ်ဘူးလို့ မှတ်ယူကြည့်လိုက်ပါ။ မပေးချင်ရင် မယူဘူး။ တောင်းလာရင် ပေးလိုက်ပါ။ လိုက်လျောညီထွေ ရှိပါစေ။

နံပါတ် (၁၄) ကတော့ ကျွန်တော် ကျင့်သုံးနေတဲ့ နည်းလမ်းတွေပါ။ ငယ်ငယ်လေးတည်းက နည်းနည်းချင်း သိလာပြီး ဥာဏ်ကွန့်မြူးပြီး သေချာကျင့်သုံးနေတာပါ။ ဒါကိုတော့ သုံးသပ်ပြီး ကျင့်သုံးကြည့်စေချင်ပါတယ်။ သေချာကို ပျော်ရွှင်ပြီး နောက်ဆုံးမေးခွန်းရဲ့အဖြေကို (ကိုယ့်အတွက် ညှိယူပြီး) ရှာတွေ့နိုင်ပါလိမ့်မယ်။

libratun said...

ဒီကကောင်မလေး ဆုံးဖြတ်ချက်မှန်ပါစေ။ ဟိုက ကောင်မလေးလည်း ဒီလိုပုံစံမျိုး ထပ်မကြုံပါစေနဲ့။ ဆိုရင် ဒီကောင်လေးကိုမေ့ပြစ်သင့်တယ်ထင်တယ်။