Wednesday, March 25, 2009

Should Be Serious or Not ???


Life is far too important a thing ever to talk
seriously about!
By Oscar Wilde

Be Serious, not too serious!
By John Polanyi





ဒီနေ့ စိတ်ထဲမှာ ဘဝင်မကျတာလေးတစ်ခုရှိလို့ ဒီ Post လေးရေးဖြစ်တာပါ။ ဘယ်သူကိုမှ ထိခိုက်စေဆိုပြီး မရည်ရွယ်ပါဘူး။


ဒီနေ့ မလေးသူငယ်ချင်းမတစ်ယောက်က သူနဲ့ သူ့ Bf အကြောင်းတွေ ပြောပြပါတယ်။ သူတို့ လျှောက်လည်ကျတယ်ဆိုတဲ့အကြောင်း၊ သူ့ Bf က သူ့ကို တန်ဖိုးကြီးလက်ဆောင် ဝယ်ပေးတယ်ဆိုတဲ့အကြောင်း စသဖြင့် ပြောပြပါတယ်။ ဒီအကြောင်းက မဆန်းပါဘူး။ ချစ်သူ ရည်းစားသဘာဝ လျှောက်လည်ကျတာ၊ လက်ဆောင်ပေးတာ။ ဒါပေမယ့် သူနဲ့လျှောက်လည်တဲ့ Bf မှာက တရားဝင် မိန်းမလည်းရှိပါတယ်။ ချစ်စရာကောင်းတဲ့ လသားလောက်ပဲရှိတဲ့ သမီးလေးတစ်ယောက်ရှိပါတယ်။ သူတို့တွေကတော့ သူတို့တိုင်းပြည်မှာပါ။ ယောကျော်းဖြစ်သူက ဒီမှာလာပြီး ကျောင်းတက်နေတာပါ။ ကျောင်းပြီးရင် သူ့တိုင်းပြည်သူပြန်မှာပါ။ အပျော်တွဲကျတယ်ဆိုတဲ့ သဘောပေါ့။ သူငယ်ချင်းမမှာလည်း သူ့အပြင် တခြားအပျော်တွဲတဲ့ ရည်းစားများလည်းရှိပါတယ်။ ဒါကိုလည်း သူက ပွင့်ပွင့်လင်းလင်းပဲ သူ့ Bf ကိုရော၊ အားလုံးကိုရော ပြောပြထားပါတယ်။ ဒါကို ဘယ်သူမှလည်း Serious အဖြစ် မယူကြပါဘူး။ သာမန်သဘောပဲထားကြပါတယ်။ ဒီမှာက " Enjoy yourself " & " Enjoy ourself " ကို ပိုပြီးအလေးထားတယ်လို့ ခံစားမိပါတယ်။ သူ့ BF ကလည်း ဒီမှာကျောင်းလာတက်တုန်း Enjoying himself when wife is not here with him! သူမကလည်း Enjoying herself!

ဒီမှာ တွေးမိတာလေးတစ်ခုကတော့ ယောကျာ်းတွေက ဒီလိုပဲလား? အနေဝေးတာနဲ့ အိမ်ကမိန်းမကို ခဏမေ့ထားပြီး အပျော်ရှာကျတာပဲလား? ဘယ်သူမှလည်း
Serious မထားတဲ့အတွက် လမ်းခွဲသွားလည်း ဘာခံစားချက်မှ သူတို့မှာရှိမှာ မဟုတ်ဘူး။ လမ်းခွဲပြီးပေမယ့် သူငယ်ချင်းအဖြစ် အဆက်အသွယ်ကတော့ ရှိနေမှာပဲ။ အရင်းနှီးဆုံး သူငယ်ချင်းအဖြစ်နဲ့ပေါ့။ Itz the way of making close friends??? အိမ်ကမိန်းမကတော့ သိမှာမဟုတ်ပါဘူး။ သိခဲ့ရင်လည်း ကျောင်းသွားတက်တုန်း သိခဲ့တဲ့ အရင်းနှီးဆုံး သူငယ်ချင်းလို့ပဲ ပြောမှာပေါ့နော်။

ဒါတွေဟာ
Serious မထားတတ်သူတွေအတွက်ကတော့ သူလည်း သူပျော်စရာ သူရှာတာလို့ ပြောမှာပဲပေါ့နော်။ နောက် ကိုယ့်မိန်းမဆီ ကိုယ်ပြန်သွားရင် ပြီးတာပဲလို့ပေါ့။ နောက်ပြီး ဒါဟာ မိတ်ဆွေတိုးပွားရေး စီမန်ကိန်းလို့လဲ ပြောချင်ပြောမှာပေါ့နော်။ ဒါပေမယ့် Serious ထားတတ်တဲ့သူတွေအတွက်ကျတော့ ဒါဟာ မီးတောက်တစ်ခုပါ။ တမြေ့မြေ့လောင်ကျွမ်းနေမယ့် အရာပေါ့။ သူ့မိန်းမကရော တကယ်သိသွားရင် လက်ခံနိုင်ပါ့မလား? ဒါမှမဟုတ် Serious မထားပဲနေမှာလား? သူ့မိန်းမက Serious မထားပဲနေရင်တော့ သူ့တို့မိသားစုဘဝလေးဟာ ပြိုပျက်သွားစရာအကြာင်းမရှိပါဘူး။ Serious ထားခဲ့ရင်တော့....

ဒီလိုပြောကြစတမ်းဆိုရင် ဘယ်အရာက ကောင်းပါသလဲ?

" Enjoying yourself fun! " or " Making yourself hot! "


0 comments: