Friday, August 7, 2009

Home Sweet Home...


Home Sweet Home တဲ့...

ဒီစကားလုံးဟာ တိုင်းတပါးမှာနေတဲ့ ကျွန်မအတွက်တော့ မဆိုင်သလိုပါပဲ။

  • ပင်ပင်ပန်းပန်းနဲ့ အလုပ်လုပ်ပြီး အိမ်ပြန်ရောက်လို့ရှိရင် နွေးထွေးစွာ စောင့်ကြိုနေမယ့် မိသားစုက အိမ်မှာရှိမနေပါဘူး။
  • ဒီအချိန် ငါ့သမီးပြန်လာနေကြဆိုပြီး အိမ်ရှေ့မှာ စောင့်မျှော်နေမယ့် မေမေက အိမ်မှာရှိမနေပါဘူး။
  • " ငါ့သမီး ပင်ပန်းလာပြီလား... " ဆိုပြီး ဆီးကြိုနေမယ့် မေမေက အိမ်မှာရှိမနေပါဘူး။
  • " သမီး ရေချိုးနှင့် မေမေ ထမင်းခူးထားပေးမယ်... " ဆိုပြီး ထမင်းဝိုင်း အသင့်ပြင်ပြီး စောင့်နေမယ့် မေမေက အိမ်မှာရှိမနေပါဘူး။
  • ထမင်းဝိုင်းမှာ လက်စုံစားပြီး ရီစရာ၊ မောစရာ ပြောမယ့် မိသားစုက အိမ်မှာရှိမနေပါဘူး။
  • အပန်းဖြေ ညဘက် ရုပ်ရှင်ကြည့်ဖို့ရာ မိသားစုက အိမ်မှာရှိမနေပါဘူး။
  • ညဘက်အိပ်ရာမဝင်ခင် အိပ်ရာထက်မှာ တွတ်ထိုးဖို့ မေမေက အိမ်မှာရှိမနေပါဘူး။
  • ကြွက်နဲ့ ကြောင်လို အမြဲရန်ဖြစ်လေ့ရှိတဲ့ ကျွန်မရဲ့မောင်လေးကလည်း အိမ်မှာရှိမနေပါဘူး။
  • ညဘက်မိုးချုပ်လို့ အိမ်ပြန်နောက်ကြရင်လည်း စိတ်ပူပေးမယ့် မေမေက အိမ်မှာမရှိပါဘူး။
  • ဂရုနာဒေါသနဲ့ ဆူမယ့် ဖေဖေနဲ့မေမေကလည်း အိမ်မှာရှိမနေပါဘူး။
  • မနက်မိုးလင်းလို့ အလုပ်မသွားခင် Breakfast အဆင်သင့်စားနိုင်ရန် ပြင်ဆင်ပေးလေ့ရှိတဲ့ မေမေက အိမ်မှာရှိမနေပါဘူး။
  • အားလပ်ရက်မှာ ကျွန်မကြိုက်တတ်တဲ့ အစားအစာတွေကို ချက်ပေးလေ့ရှိတဲ့ မေမေက အိမ်မှာရှိမနေပါဘူး။
  • သားအမိနှစ်ရောက် Shopping ထွက်ဖို့ရာ မေမေက အနားမှာရှိမနေပါဘူး။
  • ဆိုးတိုင်ပင်၊ ကောင်းတိုင်ပင်ဖို့ရာ မေမေက အိမ်မှာရှိမနေပါဘူး။
  • "ငါ့သမီး ဘုရား၊ တရား၊ သံဃာကို မမေ့နဲ့နော်..." ဆိုပြီး တတွတ်တွတ်မှာတတ်တဲ့ မေမေက အိမ်မှာရှိမနေပါဘူး။

4 comments:

မယ့်ကိုး said...

ဒီစာလေးဖတ်မိတာ စိတ်မကောင်းဘူး။ ဘာပဲဖြစ်ဖြစ် တစ်နေ့တော့ ပြန်ဆုံမယ်ဆိုပြီး ဒီလိုပဲ ပျံသန်းနေကြရ။

Libratun said...

ရနေတာကို တန်ဖိုးထားပါ။ လိုချင်တာက နောက်ရလာမှာပေါ့။ သမီးအလိမ္မာလေးရဲ့။

အိမ်မက် said...

ဟုတ်ပါတယ်... ဘဝဆိုတာ ဒီလိုပါပဲ...

chocothazin said...

စိတ်ထဲမကောင်းဘူးဖြစ်သွားတယ်။ ဒီလိုပါပဲလေ။ အားတင်းထားပါ သူငယ်ချင်းရေ။