Wednesday, June 3, 2009

အကယ်၍...ဒါပေမယ့်...စိုးရိမ်ပါတယ်...




အကယ်၍...
မင်း ငါ့ကို မတွေ့ချင်ဘူးဆိုရင်
မင်းမမြင်နိုင်တဲ့ တစ်နေရာမှာ ပုန်းနေပေးပါ့မယ်
ဒါပေမယ့်...
မင်း ငါ့ကို ပြန်လိုက်မရှာမှာကိုတော့
စိုးရိမ်မိပါတယ်...

အကယ်၍...
မင်း ငါပြောတဲ့စကားတွေကိုတောင် မကြားချင်ဘူးဆိုရင်
မင်းကို ဘာမှမပြောတော့ပါဘူး
ဒါပေမယ့်...
မင်း ငါ့ရင်ကို ဖောက်ထွင်းပြီး မမြင်နိုင်မှာကိုတော့
စိုးရိမ်မိပါတယ်...

အကယ်၍...
ပြိုင်ဘက်တွေရှိခဲ့ရင်တောင်မှ
ငါ သူတို့ကို ကျေကျေနပ်နပ်ကြီး လက်ခံပါ့မယ်
ဒါပေမယ့်...
ငါ့ရင်ကိုခွဲပြီး မင်းကို လုယူသွားမှာကိုတော့
စိုးရိမ်မိပါတယ်...

အကယ်၍...
ငါ ငိုနေခဲ့ရင်တောင်မှ
မင်းရှေ့မှာ အလှဆုံးပြုံးနေပါ့မယ်
ဒါပေမယ့်...
ငါပျော်နေတယ်လို့ မင်းထင်မှာကိုတော့
စိုးရိမ်မိပါတယ်...



P.S ကျောင်းတုန်းက သဘောကျလို့ ရေးကူးထားတဲ့ ကဗျာလေးပါ... မူရင်း စာရေးသူအမည်ကိုတော့ မမှတ်မိတော့ပါဘူး။




If...
You dont want to see me anymore
I will hide somewhere else
But...
I worry...
That you do not come and look for me again!

If...
You dont want to hear my voice
I wont tell you anything
But...
I worry...
You cant see through my heart!

If...
I have the rivals
I will accept them
But...
I worry...
They are going to take you away from my heart!

Even If...
I cry
I am going to smile you as beautiful as I can
But...
I worry...
You think that I am happy!

0 comments: