Friday, August 20, 2010

စိတ်အာဟာရ ( ၄ )

အခုတလော စိတ်တွေလေးနေတာကြာပါပြီ... ဘယ်ဘက်အပေါ်မျက်လုံးကလည်း အရမ်းကို ဆက်တိုက်ဆိုသလို လှုပ်နေပါတယ်... အဲဒီလို ဖြစ်ရင်မကောင်းဘူးလို့ ရှေးစကားအဆိုကလည်း ရှိတယ်မဟုတ်လား... တကယ်ပြောတာပါ မျက်လုံးက နှစ်ပတ်ဆက်တိုက်လောက်ကို အဆက်မပြတ်လှုပ်နေတာပါ... ဥပဒဏ်ကြောင့် ဥပရောက်တယ်လို့ ဆိုရမလားဘဲမသိဘူး... စိတ်ထဲမှာ တစ်ခုခုကို အရမ်းကို ပူပန်နေပါတယ်... စိုးရွံ့ကြောင့်ကြနေတယ်လို့ဆိုရင်လည်း မမှားပါဘူး... အဲဒီလိုဖြစ်စရာ အကြောင်းအရာတွေကလည်း ရှိနေတာကိုး... အခုအလုပ်လုပ်နေတဲ့ Company ကလည်း Projects တွေမရတော့ Income က တော်တော်လေးကို Go Down ဖြစ်နေပါပြီ... အဲဒါအပြင် တခြားအရှုပ်ရှုပ်တွေကလည်း Company မှာရှိနေပါတယ်... ဒါ့အပြင် Passport ကလည်း First week of Feb 2011 မှာ Expire ဖြစ်နေပါပြီ... ဒါကြောင့် S Pass ကလည်း Jan 2011 ဆို Expire ဖြစ်ပြီလေ... Passport သက်တမ်းတိုးရင်လည်း အခွန်ကဆောင်ရမယ်... အလုပ်စလုပ်ထဲက တစ်ခါမှ မဆောင်ရသေးဘူးဆိုတော့ အခွန်ပေးရမယ့်ကာလက နှစ်နဲ့ချီနေပြီလေ... Passport သက်တမ်းက အခုတိုး အခုရတာမှ မဟုတ်တာကို... ဒီကြားထဲ Company တစ်ခုခုဖြစ်လို့ အလုပ်သစ်ရှာရတယ်ပဲထားအုံး S Pass တင်ရင် သက်တမ်းက အလုံအလောက်မှမရှိတာ... ကျောင်းကလည်း Part Time တက်နေပါတယ်... စာမေးပွဲက December မှာမှ ဖြေရမှာပါ... ဒီကြားထဲ တစ်ခုခုဖြစ်ရင်ဆိုတဲ့အတွေးက ဘယ်လိုမှ ထုတ်လို့မရဘူးဖြစ်နေပါတယ်... ဒါ့အပြင် Exam Result ကလည်း ထွက်တော့မယ်လေ... စာမေးပွဲ မြန်မြန်အောင်ပြီး ဘွဲ့မြန်မြန်ရချင်နေပြီလေ... စာမေးပွဲအောင်ပါ့မလားလို့လည်း တွေးပြီးပူရပါသေးတယ်... Depression တော်တော် Down နေတယ်လို့ ဆိုရပါမယ်... အခုလက်ရှိတက်နေတဲ့ကျောင်းကို တက်မိတာမှားပြီလားလို့ စိတ်ထဲမှာ ယူဆမိနေပါတယ်... ဒီကျောင်းမတက်ဘဲ University Life ယူလိုက်တာကမှ အခုလောက်ဆိုရင် ဘွဲ့ရလောက်နေပြီလို့....

ဒါပေမယ့် ကျနေတဲ့စိတ်ဓတ်ကို မြှင့်တယ်ပေးတယ့် လူတစ်ယောက်ကို တွေ့ခဲ့ပါတယ်... သူပြောခဲ့တဲ့ စကားတစ်ခွန်းက ကျွန်မအတွက်တော့ တန်ဖိုးမဖြတ်နိုင်ပါဘူး... ကျွန်မတစ်ယောက်ထဲအတွက်တင်မဟုတ်ပါဘူး တခြားသူတွေအတွက်လည်း တန်ဖိုးရှိပါတယ်... ကျေးဇူးပြုပြီး ကျွန်မတင်ထားတဲ့ YouTube ကို ကြည့်ပေးပါ...



ကျွန်မရောက်ချင်တဲ့ ရည်ရွယ်ချက်ကိုရောက်ဖို့ လမ်းတစ်ဝက်မှာ လဲကျနေတာနဲ့ ပြန်မထတော့ဘဲ စိတ်ဓတ်ကျနေမှာလား??? အရင်တုန်းကတော့ အဲဒီစိတ်ကူး ရှိရင်ရှိခဲ့ဘူးပါမယ်... အခုတော့ အဲဒီစိတ်ကူးမရှိတော့ပါဘူး... ကျွန်မ ဘယ်နှစ်ခါပဲလဲကျပါစေ ကျွန်မပြန်ထပြီး ရည်ရွယ်ချက်ကို ရောက်အောင်သွားမှာပါ...

ဒီ Post လေးက သူ့ကို ကျေးဇူးတယ်ကြောင်း ဖော်ကျူးတဲ့နေနဲ့ရော တခြား စိတ်ဓတ်ကျနေသူတွေအတွက်ပါ ရည်ရွယ်ပါတယ်....

Wednesday, January 27, 2010

Everytime

~~~ How can I fly without my wings??? ~~~ How can I continue my life without u???~~~

Saturday, December 26, 2009

Sweet December တဲ့လား


Sweet December! Sweet December! Sweet December!

December က Sweet December တဲ့လား ဘယ်သူက ဘာအကြောင်းကြောင့် December ကို Sweet December လို့ သတ်မှတ်ကြတာလဲ သူတို့အတွက် အမှတ်တရတွေ၊ ပျော်ရွင်မှုတွေပေးလို့ နေမှာပေါ့နော်... ဒါဆိုရင် ကျွန်မအတွက်ရော December က Sweet December မှဟုတ်ရဲ့လား

စာမေးပွဲက December လလယ်မှာ ဖြေရမယ်... ဘာကြောင့်မှန်းမသိဘူး စာမေးပွဲနီးလေ အလုပ်ထဲမှာ ပြဿနာတွေပိုများလာလေ... လုပ်စရာအလုပ်တွေကလည်း တောင်လိုရာလိုပုံနေတော့တာပါပဲ။ ဒီကြားထဲ အလုပ်ကလည်း နေရာပြောင်းရမယ်... Tuas ကနေ Woodland ကို November လကုန်နောက်ဆုံးထားပြီးတော့တဲ့... November လထဲကစပြီးတော့ ရှုပ်လိုက်တဲ့အလုပ်က ကျွန်မအတွက်တော့ ပထမအစ 1st December ထဲက Sweet December မဖြစ်ခဲ့ပါဘူး... တနေရာကနေ တနေရာပြောင်းတယ်ဆိုတာ လွယ်တဲ့အလုပ်မှ မဟုတ်တာနော်... ပစ္စည်းပစ္စယတွေ ထုပ်ပိုးရ သိမ်းရဆီးရနဲ့... နေရာသစ်ရောက်ပြန်တော့လည်း ပစ္စည်းတွေ နေရာတကျဖြစ်အောင် ပြန်လုပ်ရနဲ့ တော်တော်ကို ပင်ပန်းပါတယ်... ဒါတောင် ကိုယ်နေရာလေးပဲ အစီအစဉ်တကျဖြစ်အောင် စီမံခန့်ခွဲပေးရုံတင်လုပ်ရတာပါ။

December first week နောက်ဆုံးထားပြီး အိမ်ပြာင်းရမယ်တဲ့... ရင်ထဲမှာ ပိုမောသွားတာပါပဲ.. ကျွန်မက အဒေါ်မိသားစုနဲ့နေတာပါ... သူတို့ပြောင်းတဲ့အိမ်ကို လိုက်ပြီးပြောင်းရုံပါပဲ... ဒါပေမယ့် အိမ်အသစ်မှာက ဘာ Funiture မှမရှိဘူးလေ... ဒါကြောင့် ကုတင်၊ မွေ့ရာ၊ ကုလားထိုင်ခုံကအစ ဝယ်ရမယ်တဲ့... ဒါနဲ့ပဲ Tampines မှာရှိတဲ့ IKEA, Court အစရှိတဲ့ ဆိုင်တွေမှာ သွားကြည့်ပြီး ဝယ်ခဲ့ရပါတယ်... IKEA show room မှာပြထားတွေကိုကြည့်ပြီး ကိုယ့်အိမ်ခန်းလေးကို အဲဒီလို အလှဆင်ချင်ပေမယ့် ကိုယ့်ရဲ့လခက Highly Paid မဟုတ်တဲ့အတွက် ကိုယ်တတ်နိုင်သလောက်ပဲ ဝယ်ခဲ့ရတာပါ... ဝယ်တဲ့ပစ္စည်းနဲ့ ပစ္စည်းပို့ခကို နှိုင်းယှဉ်ရရင် ပို့ခက ဝယ်တဲ့ပစ္စည်းရဲ့ သုံးပုံတစ်ပုံလောက်ရှိပါတယ်... ဒါနဲ့ပဲ တစ်ခြားဈေးသက်သာရာဆီမှာလည်း သက်သာသလိုလည်း ဝယ်ပေါ့... ကိုယ်ကလည်း ပစ္စည်းအသစ်နဲ့ အကောင်းပဲသုံးချင်တာဆိုတော့လည်း ခက်တာပေါ့နော်... ဟူး... ဒီမှာနေရတာ မလွယ်ပါလားနော်...

ဒီလိုနဲ့ပဲ အိမ်ပြောင်းဖို့အတွက် ပစ္စည်းတွေထုပ်ရ သိမ်းရပြန်ပါရော။ အိမ်အသစ်ကို သွားပြီးတော့လည်း သန့်ရှင်းရေးလုပ်... ပစ္စည်းတွေအားလုံးရွေ့ပြီးတော့လည်း အိမ်အဟောင်းကို သန့်ရှင်းရေးပြန်လုပ်... အိမ်အသစ်မှာလည်း ပစ္စည်းနေရာပြန်ချထားရေးလုပ်နဲ့... ဟူး.. တစ်အိမ်လုံးပြောင်းရတဲ့အလုပ်က တကယ်မလွယ်တဲ့အလုပ်ပါလားနော်... ကျွန်မအတွက် စာဆိုတာ ဘယ်နားမှာ ရှိနေမှန်းကို မသိပါဘူး... ဒီကြားထဲ လူမှုရေးကိစ္စ၊ အိမ်တွင်းရေးကိစ္စကလည်းရှိပြန်... ဟူး... တော်တော်မလွယ်တဲ့ ဘဝပါလားနော်...

မိဘရဲ့ အရိပ်ကို ခိုလှုံခဲ့ဖူးတဲ့ အပူအပင်မရှိခဲ့ငယ်ငယ်ကဘဝကို ပြန်လည်တမ်းတမိပါတယ်... စားစရာဆိုလည်း အဆင်သင့်၊ စာကျက်စားပွဲရှေ့ရောက် အမေက လာချပေးခဲ့တာပါ... စာမေးပွဲနီးရင် စာမေးပွဲအပူကလွဲပြီး ဘာအပူအပင်မှ မရှိခဲ့တာပါ။ ဒါကြောင့် မိဘကျေးဇူးက အလွန်ပဲ ကြီးမားလှပါတယ်။

ဒီလိုနဲ့ပဲ စာမေးပွဲဖြေရမယ့်ရက်ကိုရောက်လာပါတယ်။ ကျွန်မလည်း စာမေးပွဲခန်းကိုသွားနေပါပြီ။ စာမေးပွဲဖြေရမယ့်အချိန်ထက် တစ်နာရီလောက်စောပြီးရောက်နေပါတယ်။ သူငယ်ချင်းတွေနဲ့လည်း စကားတစ်ပြောပြောပေါ့။ စာမေးပွဲခန်းရှေ့လည်းရောက် ဘယ်မှာထိုင်ရမယ်ဆိုတာလည်းကြည့်ပြီး အောက်မှာရေးထားတဲ့ စာကြောင်းကိုဖတ်ပြီး ကျွန်မ Shock ဖြစ်သွားပါတယ်... မရတရစာတွေလည်း ဘယ်ရောက်လို့ ရောက်သွားမှန်းကို မသိတော့ပါဘူး... ကျွန်မ စာမေးပွဲခန်းထဲ ယူလာရမယ့် အရေးကြီးဆုံးပစ္စည်းတစ်ခုကို မေ့လာခဲ့တာပါ။ ကိုယ့်ကိုယ်ကိုလည်း တော်တော်ဒေါသထွက်မိပါတယ်။ ကျေင်းသားကဒ် မေ့ကျန်ခဲ့ချင်းပါ။ လယ်ထွန်သွား နွားမေ့ဆိုတာ ဒါပဲနေမှာပေါ့။ အဲဒီအချိန်မှာ ကျွန်မ တော်တော်ပြာရာခတ်နေပါပြီ။ အဲဒါနဲ့ပဲ ကျွန်မရဲ့ တစ်ယောက်သောသူကို Phone ဆက်ရပါတယ်။ ဒီလို ဒီလိုဆိုပြီးတော့ အကြောင်းစုံရှင်းပြပြီး သူ့ကို ကဒ်လာပို့ခိုင်းရပါတယ်။ အဒေါ်ဆီလည်း Phone ဆက်ပြီး ကဒ်ပေးဖို့ အိမ်အောက်ဆင်းစောင့်ခိုင်းရပါတယ်။ သူက Taxi နဲ့ ကျွန်မအိမ်ကို အရင်သွားယူရမှာပါ။ ပြီးမှ ကျွန်မစာမေးပွဲရှိရာ Expo ကိုလာပေးရမှာပါ။ အိမ်နဲ့ Expo နဲက တော်တော်ကြီးကို အလှမ်းဝေးပါတယ်။ ကံကောင်းတာက သူက နေ့တစ်ဝက်ခွင့်ယူထားတယ်လေ ကျွန်မစာမေးပွဲဖြေရမယ်ဆိုပြီးတော့လေ...(မှတ်ချက်။ အရင်တုန်းက စိတ်ထဲမှာ ဘာမဆိုင် ညာမဆိုင် သူကခွင့်ယူရတယ်လို့ ပြောမိပါတယ်... ရှုးတိုးတိုး သူ့ကိုသွားမပြောနဲ့နော်..)

စာမေးပွဲ ဖြေရမယ့်အချိန်ထက် 15 min စောပြီး စာမေးပွဲအခန်းထဲဝင်ရမှာပါ။ သူလာတာကိုစောင့်ရင် အချိန်မမှီပါဘူး။ ဒါနဲ့ ကျွန်မလည်း Information Counter ကိုသွားပြီးတော့ အကျိုးအကြောင်းပြောပြပေါ့။ တစ်ခြားစာရွက်စာတမ်းတွေပါပေမယ့် ကျောင်းသားကဒ်တစ်ခုထဲသာ ကျန်ခဲ့ကြောင်း၊ ကျောင်းသားကဒ်ကို တစ်ခြားတစ်ယောက်က လာပေးမယ်ဆိုတဲ့အကြောင်း ဒါပေမယ့် နဲနဲနောက်ကျမယ်ဆိုတဲ့အကြောင်း၊ အခုစာမေးပွဲခန်းထဲကို တစ်ခြား Identification Card နဲ့ဝင်မယ်ဆိုတဲ့အကြောင်း ပြောပြရပါတယ်... Itz OK! လို့ပြောမှပဲ ရင်ထဲက အလုံးကြီးကျသွားပါတော့တယ်။ စာမေးပွဲအခန်းထဲရောက်မှ ကိုယ်လိုသူလို လယ်ထွန်သွားနွားမေ့သူတွေ အများကြီးပဲဆိုတာ သိရပါတော့တယ်။ ဘာဖြစ်လို့လည်းဆိုတော့ နာမည်ဘယ်သူတွေရဲ့ ကျောင်းသားကဒ်တွေကို လာရောက်ယူနိုင်ပါကြောင်း mic နဲ့အော်နေလို့လေ။ သူတို့တွေက စောစောသိလို့ စောစောလာပို့ခိုင်းထားပြီးပြီလေ။

တကယ်ပါ... December လသည် ကျွန်မအတွက်တော့ တစ်ကယ်ပဲ Sweet December မဟုတ်ခဲ့ပါဘူး။ အခုပဲကြည့်လေ Last Week December မှာ သူက Oversea သွားရမယ်တဲ့။ သူက Next Year မှပြန်လာမှာလေ... ကျွန်မ သူ့ကိုလွမ်းနေရအုံးမှာပေါ့... "ဟင်း..." လို့ပဲ သက်ပြင်းကို အရှည်ကြီးပဲ ချမိပါတော့တယ်...